သင့်ဖုန်း သို့မဟုတ် သင့်သူငယ်ချင်းဖုန်းမှာ Pattern Lock, PIN Lock ကို မမှတ်မိတော့လို့ စိတ်ညစ်နေသလား…..
ကျွန်တော်အခုပေးမယ့်ကောင်လေးနဲ့ Click တစ်ချက်သာနှိပ်လိုက်ပါ။ဘယ်လိုပြောရမလည်း..သူ့အရသာကလေ…
ဘယ်လိုပြောရမလည်း… အဲလေ မွှားတွားရို့…တစ်ချက်တည်းနဲ့ ပဲ Data တွေ၊ Contact တွေ မည်သည့် အချက်အ
လက်မှ မပြောက်ပျက်ပဲ Pattern Lock တွေ၊ PIN Lock တွေပျက်သွားမှာပါ Software နာမည်ကတော့
USB Debugging တော့ on ထားဖို့တော့လိုပါမယ်။ ကဲ စလိုက်ရအောင်ဗျာအရင်ဆုံး ကွန်ပျူတာနဲ့
သင့်ဖုန်းကို ချိတ်ဆက်လိုက်ပါ။ ပြီးသွားရင်တော့လိုအပ်တဲ့ Software လေးကိုတော့ ဒီနေရာမှာဒေါင်းလိုက်ပါ ပြီးသွားရင်
၎င်း Program ကို Double Click နှိပ်ပီးဖွင့်လိုက်ပါမယ်။
ဒါဆိုရင်တော့ အပြာရောင် အကွက်ထဲက CHECK Device ဆိုတာကို နှိပ်လိုက်
ပါမယ်။ဒါဆိုရင်တော့အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်
ကျွန်တော်စမ်းသပ်တဲ့ ဖုန်းအမျိုးအစားက Samsung Galaxy ACE (GT-S6802)
အမျိုးအစားဖြစ်သောကြောင့် ဖုန်းရဲ့ Model ကိုဖော်ပြပေးတာဖြစ်ပါတယ်။ နောက်
ပြီး Version နဲ့ Root Access တို့ကိုပါ ဖော်ပြပေးပါတယ်။ ကျွန်တော့်ဖုန်းထဲမှာ
က Root Access ရှိတဲ့အတွက်ကြောင့် True ဆိုပြီးဖော်ပြပေးတာပါ။ ကဲ……
ဒီနောက်တော့ ကျွန်တော်တို့က Delete Pattern ဆိုတာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း
သင့်ဖုန်းထဲက Pattern ကို ဖြည်နေပါမယ်။ Progress Bar 100% ပြည့်သွားတဲ့
အခါမှာတော့ အောက်ပါပုံအတိုင်း
ပေါ်လာပါမယ်။ ဒီအခါမှာ ကျွန်တော်တို့က OK ကိုနှိပ်ပေးလိုက်တာနဲ့ သင့်ဖုန်းက
Reboot ဖြစ်သွားပါလိမ့်မယ်။ ဘာမှ စိုးရိမ်စရာမရှိပါဘူး သင့်ဖုန်း ပါဝါပြန်တက်လာ
တဲ့အခါမှာတော့အောက်ပါပုံအတိုင်း
Default Mode ဖြစ်တဲ့ “Swipe screen to Unlock” ဆိုတာပေါ်ပြီး
သင်သတ်မှတ်ထားတဲ့ Pattern or PIN Lock များဟာ ရန်ကုန်မြို့တော်
စည်ပင်သာယာက လာသိမ်းသွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာ
ဖြစ်ပါတယ်။ :P
နောက်ထပ်ဖုန်းတစ်လုံးမှာစမ်းသပ်ချက်ကတော့
ဖုန်းအမျိုးအစားကတော့ Huawei C8650 အမျိုးအစားဖြစ်ပါတယ်။
ထိုဖုန်းထဲမှာတော့ Root Access မရှိတဲ့အတွက်ကြောင့် အောက်ပါ
ပုံအတိုင်း
Root Access = ? (Yes) or (No) ဆိုပီး တက်လာပါတယ်။ ဒီအချိန်မှာ
ကျွန်တော်တို့က Root မဖောက်ထားရသေးတဲ့အတွက်ကြောင့် သင့်ဖုန်းကို
Root မထောက်ဘူးလို့ ညင်းဆိုလိုက်မယ်ဆိုရင်တော့ Pattern Lock ကို
ယခုဖော်ပြပါ Tool ဖြင့် ဖြုတ်လို့ မရနိုင်ပါ……..အကယ်လို့သာ Root ဖောက်
လိုက်မယ်ဆိုရင်တော့ အထက်ဖော်ပြပါအကြောင်းအရာအတိုင်း Pattern or
PIN Lock များကို အလွယ်တကူ ဖျောက်ဖျက်နိုင်မှာဖြစ်ပါတယ်။
Software Credit to : www.trtech-mm.com
အလားလုံး အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
ဘားကပ်သား
ဒန်ဒန့်ဒန်
{[['
']]}

No comments:
Post a Comment